Chapter 226 “ဓားဝိညာဉ်ဘုရင်”
Chapter 226 “ဓားဝိညာဉ်ဘုရင်”
သူ့ရှေ့မှာ ရှိနေသူက အငြိုးဝိညာဉ်တစ်ယောက်
ဖြစ်နေတဲ့ အချက်ကြောင့်သာ မဟုတ်ရင် သူ့ကိုယ်ပိုင် ကျင့်ကြံဆင့်ကို ဖိနှိပ်ထားတဲ့ လူသား
ဓားပညာရှင် တစ်ယောက်လို့ ထန်ဟွမ် ထင်မိမှာပါ။ မှန်ပါတယ်၊ သူ့ပြိုင်ဘက်က လူသားတစ်ယောက်သာ
ဖြစ်နေရင် အခုချိန်ထိအောင် ထန်ဟွမ် ဆက်တိုက်နေမှာ မဟုတ်ပါဘူး။ အဲဒီအစား ထွက်ပြေးလွတ်မြောက်ဖို့
သူ့ဆရာထားခဲ့တဲ့ မဟာပညာရှင် တံဆိပ်ကို အသုံးပြုလိုက်မှာပါ။
ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်အနေနဲ့ ပြီးပြည့်စုံတဲ့ ဓားပညာကို အသုံးပြုနေချိန်မှာတောင် အရေးမသာ ဖြစ်နေရတဲ့ အကြောင်းရင်းက အလွန် ထင်ရှားပါတယ်။
ပထမအချက်က အငြိုးဝိညာဉ်ရဲ့
ဖွဲ့စည်းပုံက နိဗာန အထွတ်အမြတ် မီးလျှံကို အလိုလို ကြောက်ရွံ့စေပြီး မီးလျှံရဲ့ ထိန်းချုပ်နိုင်စွမ်းက
သူ့အပေါ် အလွန်အမင်း ပြင်းထန်တာကြောင့် သူ့ရဲ့စွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်ပါဘူး။
ဒုတိယအချက်က ထန်ဟွမ့်နဖူးပေါ်က ဓားတံဆိပ်က အငြိုးဝိညာဉ်ရဲ့ အသံလှိုင်း တိုက်ခိုက်မှုကို
အသုံးမဝင် ဖြစ်စေခဲ့တယ်။
တတိယအချက်ကတော့ အငြိုးဝိညာဉ်က
ဒဏ်ရာအပြင်းအထန် ရနေပြီးသား ဖြစ်ပြီး သူ့ရဲ့ လက်ရှိစွမ်းအားက ဓားပညာရဲ့ အမြင့်ဆုံး
စွမ်းအားကို ထုတ်ဖော်ဖို့ လုံလောက်မှု မရှိပါဘူး။
စတုတ္ထအချက်က ဓားလက်မှုပညာ
တောင်ကြားအထက်မှာ ရှိနေတဲ့ ဧရာမဓားကြီးက မပျောက်ကွယ်သေးပါဘူး။ ကြီးကျယ်ခမ်းနားတဲ့ ဓားဆန္ဒက
ဓားလက်မှုပညာ တောင်ကြားမှာ တဝေါဝေါ ရိုက်ခတ်နေဆဲ ဖြစ်ပြီး ယင်းကလည်း ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်ကို
အကြီးအကျယ် ဖိနှိပ်ထားမှာပါ။ မဟုတ်ရင် ထန်ဟွမ်က ကျောက်ထရံအောက် ရောက်လာမှာ မဟုတ်သလို
သူလည်း လိုဏ်ဂူထဲ ပုန်းနေမှာ မဟုတ်ပါဘူး။
ဒါတွေကြောင့်ပဲ အချိန် ကြာလာတာနဲ့အမျှ
ထန်ဟွမ့် အရေးသာမှုကလည်း ပိုမိုသိသာ ထင်ရှားလာတယ်။
အခုချိန်မှာ ထန်ဟွမ်က နိဗာန
အထွတ်အမြတ်မီးလျှံကို အစွမ်းကုန် အသက်သွင်းပြီးပါပြီ။ ပြင်းထန်တဲ့ အပူစွမ်းအားက အချိန်ပြည့်
တဟုန်းဟုန်း အုံကြွထွက်ပေါ်နေပြီး လိုဏ်ဂူအတွင်း အပူချိန်ကလည်း မြင့်သထက် မြင့်လာတယ်။
ပတ်ဝန်းကျင် အခြေအနေက ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်ကို ပိုမို အနေကျပ်လာစေမှန်း သိသာပြီး
သူ့ရဲ့တုံ့ပြန်နှုန်းက အတော်လေး နှေးကွေးသွားခဲ့တယ်။
“ဒင်”
နောက်ထပ် ကြည်လင် ကျယ်လောင်တဲ့
ထိရိုက်သံက လိုဏ်ဂူအတွင်း ပဲ့တင်ထပ်သွားတယ်။ ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်က သူ့လက်ထဲက
ဓားနဲ့ ဘေးကို ရိုက်ထုတ်လိုက်ပေမဲ့ ဖီးနစ်နဂါးလှံက နည်းနည်းလေး ကံကောင်းသွားပြီး မူလအနေအထားကနေ
အပြည့်အဝ လွဲချော်မသွားခဲ့ဘူး။ မီးတောက်တွေ တဟုန်းဟုန်း ရစ်ပတ်လောင်ကျွမ်းနေတဲ့ ရဲရဲနီတဲ့
လှံသွားက သူ့ရဲ့ရင်ကာ ချပ်ဝတ်ကို ရုတ်တရက် ဖောက်ဝင်သွားတယ်။
“ယာ့”
သံပူနဲ့ အတို့ခံလိုက်ရသလိုမျိုး
ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်က အထိတ်တလန့် အော်ဟစ်ရင်း နောက်ကို ဆုတ်လိုက်တာကြောင့် သူ့ကျောက
လိုဏ်ဂူနံရံကို ထိလုထိခင် ဖြစ်သွားတယ်။ သတ္တုခမောက် အတွင်းမှာတော့ သွေးနီရောင် အလုံးနှစ်လုံးက
ပိုမိုပြင်းထန်စွာ လှုပ်ခါသွားခဲ့တယ်။
ထန်ဟွမ့်မျက်လုံးတွေက မှေးစင်းသွားပြီး
ဇက်ကြိုးကနေ ချိုးဖျက် လွတ်ထွက်လာတဲ့ မြင်းရိုင်းတစ်ကောင်လို ရှေ့ကို ခုန်ဝင်ခဲ့တယ်။
တစ်ဆက်တည်း မီးလျှံတွေ ရစ်ပတ်ထားတဲ့ သူ့လက်ထဲကလှံက ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်ရဲ့ လည်ပင်းကို
ထိုးသွင်းခဲ့တယ်။
“ရွှီ”
ဓားအလင်းက လှုပ်ရှားကခုန်သွားတယ်။
အငြိုးဝိညာဉ် လက်ထဲက ဓားရှည်က လှံသွားကို မြွေတစ်ကောင်လို လှည့်ပတ် လှုပ်ရှားသွားပြီး
လှံသွားကို ဖိချခဲ့တယ်။ အဲဒီနောက် ဖိအားအကူအညီနဲ့ သူ့ကိုယ်က မီတာအနည်းငယ် မျောလွင့်သွားပြီး
လိုဏ်ဂူဘယ်ဘက် နံရံကို ထိမိချိန်မှာ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့ကို ပြေးထွက်သွားခဲ့တယ်။
“ထွက်ပြေးချင်တာလား”
ထန်ဟွမ် ချက်ချင်း တွေးမိခဲ့တယ်။
သူက သူ့လက်ထဲက လှံကို လှည့်ကာ ရုတ်ခြည်း နောက်ပြန် ထိုးသွင်းခဲ့ပြီး ကြောက်မက်ဖွယ်
သတ်ဖြတ်ငွေ့က ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်ကို ချက်ချင်း ဖုံးလွှမ်းသွားတယ်။ အဲဒီအခိုက်အတန့်မှာ
ဖီးနစ်နဂါးလှံရဲ့ အရှိန်အဝါက ပြောင်းလဲသွားပြီး အလွန်အမင်း စွမ်းအားကြီးတဲ့ သတ်ဖြတ်ငွေ့က
နေရာငယ်တဝိုက် ပျံ့နှံ့သွားခဲ့တယ်။
ဒါက သက်တံမီးလျှံ လှံသိုင်းပညာရဲ့
ဒုတိယအကွက် မီးခိုးငွေ့ ဝံပုလွေပါ။
တိုက်ရိုက်အဆန်ဆုံး နည်းလမ်းတွေနဲ့
အချိန်တစ်ခုကြာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပြီးနောက် နောက်ဆုံးမှာ ထန်ဟွမ်က ချပ်ဝတ်တန်ဆာ
အငြိုးဝိညာဉ်ရဲ့ ထွက်ပြေးဖို့ ကြိုးစားမှုကို အခွင့်အရေးယူ အသုံးချကာ သူ့ရဲ့အကောင်းဆုံး
တိုက်ခိုက်ရေး နည်းစနစ်ကို ရုတ်တရက် အသုံးပြုခဲ့တယ်။ အဆင့် ၆ သိုင်းသခင် ဖြစ်လာပြီးနောက်မှာ
မီးခိုးငွေ့ ဝံပုလွေ တိုက်ကွက်ကလည်း ယခင်ထက် များစွာ ပိုမိုကြောက်မက်ဖွယ် ကောင်းတဲ့
စွမ်းအားနဲ့ ပေါက်ကွဲ ထွက်ပေါ်ခဲ့တယ်။
လှံချက်နဲ့အတူ လှံသွားပတ်လည်
နှစ်မီတာ အဝန်းအဝိုင်းအတွင်း စစ်မြေပြင်တစ်ခု အဖြစ် ပြောင်းလဲသွားပုံရပြီး မယှဉ်သာအောင်
သိပ်သည်းတဲ့ အရှိန်အဝါတစ်ခုက အပြန်ပြန်အလှန်လှန် အုံကြွ ရိုက်ခတ်ခဲ့တာကြောင့် လေထုတောင်
အေးခဲသွားပုံပါ။
“ယာ့”
ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်က
အထိတ်တလန့် အော်ဟစ်ခဲ့ပြီး ဓားဖျားက မြွေတစ်ကောင် လျှာထုတ်လိုက်သလို လှစ်ခနဲ လှုပ်ခါခဲ့တယ်။
ဓားချက်နဲ့အတူ အနက်ရောင် ချီတွေက ဓားကိုယ်ထည်ကနေ ထွက်ပေါ်လာပြီး ပကတိ မျက်စိနဲ့ တွေ့မြင်ဖို့
ခက်တဲ့ အမြန်နှုန်းနဲ့ လျင်မြန်စွာ လှုပ်ရှားနေတဲ့ အနက်ရောင် ဝဲဂယက်တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။
ယင်းအခိုက်အတန့်မှာ အပြာလေးရဲ့
ရွှေရောင်ဦးချို အလင်းတန်းနဲ့ လှံကြောင့် နေ့ဘက်လို လင်းထိန်နေတဲ့ လိုဏ်ဂူက အနက်ရောင်
ဝဲဂယက်ရဲ့ တရစပ် ဝါးမျိုမှုကို ခံလိုက်ရသလိုမျိုး ရုတ်ခြည်း မှေးမှိန်သွားခဲ့တယ်။
တစ်ချိန်တည်းမှာ ရဲရဲတောက်နေတဲ့
လှံရှည်က အနက်ရောင် ဝဲဂယက်ကို ထိုးဖောက်ခဲ့တယ်။
“ဘွန်း”
နားကွဲမတတ် ထွက်ပေါ်ခဲ့တဲ့
အသံကြားမှာ အနီရောင် အလင်းစက်ဝန်းက အနက်ရောင် ဝဲဂယက်ရဲ့ အတွင်းပိုင်းကနေ အပြင်ဘက်ကို
ရုတ်တရက် ရိုက်ခတ်ခဲ့တယ်။
ချက်ချင်းဆိုသလို အနီရောင်
အလင်းစက်ဝန်းရဲ့ စွမ်းအားက ဟုန်းခနဲ ထိုးတက်သွားပြီး အနက်ရောင် ဝဲဂယက်က တစ်ဟုန်ထိုး
အရည်ပျော်ကျသွားခဲ့တယ်။
ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်ရဲ့
ဓားရှည် ထပ်မံ ထွက်ပေါ်လာချိန်မှာ အနီရောင် အလင်းစက်ဝန်းက ဓားကို တွက်ထုတ်ပြီး အငြိုးဝိညာဉ်ရဲ့
ရင်ကာနဲ့ ခါးကာကြား နေရာလွတ်ကို တိုးဝင်သွားခဲ့တယ်။
“ယာ့”
လိုဏ်ဂူအတွင်း ပဲ့တင်သံက
ညည်းတွား အော်ဟစ်သံကို ပိုမို ဆိုးရွားစေခဲ့တယ်။ ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်က အလျင်အမြန်
နောက်ဆုတ်လိုက်ပေမဲ့ သူ့ဗိုက်မှာ မီးစွဲနေခဲ့ပါပြီ။ ချက်ချင်းပဲ သူ့ခန္ဓာကိုယ်မှာ ထူးခြားစွာ
သိပ်သည်းနေတဲ့ အနက်ရောင်ချီ တခြားအစိတ်အပိုင်း တွေက ရူးသွပ်စွာ ပြေးဝင်လာပြီး သူ့ဗိုက်ပေါ်က
မီးလျှံတွေကို လုံးထွေး ရစ်ပတ်ခဲ့တယ်။
သိပ်မကြာခင်မှာပဲ မီးငြိမ်းသွားတယ်။
သို့ပေမဲ့ ချပ်ဝတ်လွတ်တဲ့ နေရာတွေကို ကြည့်လိုက်ရင် အငြိုးဝိညာဉ်ရဲ့ ခန္ဓာကိုယ်က အကြီးအကျယ်
အားနည်းသွားမှန်း သိနိုင်ပါတယ်။
“ဟ”
ထူးဆန်းတဲ့ အကြည့်က ထန်ဟွမ့်
မျက်လုံးတွေထဲ လက်ဖြာသွားခဲ့တယ်။
သာမန်အငြိုးဝိညာဉ် မဟုတ်တဲ့
သွေးဝိညာဉ် ဆိုရင်တောင် နိဗာန အထွတ်အမြတ် မီးလျှံရဲ့ လောင်ကျွမ်းခြင်းကို ခံလိုက်ရတာနဲ့
ခပ်မြန်မြန် ပြာကျသွားမှာပါ။ ဒါပေမဲ့ ပိုမိုစွမ်းအားကြီးမားတဲ့ ဒီချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်ကို
ရင်ဆိုင်ရချိန်မှာ တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်မှန်း ထန်ဟွမ် သိပြီးသားပါ။
သို့သော် ထန်ဟွမ် ထင်မထားခဲ့တာက မီးလျှံတွေက ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်ကြောင့် မြန်ဆန်လွန်းစွာ
ငြိမ်းသေသွားခဲ့ခြင်းပါ။
သို့ပေသည့် မီးငြှိမ်းဖို့
စွမ်းအင်အများအပြား သုံးစွဲခဲ့ရမှန်း ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ် ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကနေ
ထန်ဟွမ် ကောက်ချက်ချနိုင်ခဲ့တယ်။
“မင်းက ဒါကို တစ်ကြိမ်နှစ်ကြိမ်
လုပ်နိုင်တယ်၊ ဒါပေမဲ့ သုံးလေးကြိမ် လုပ်နိုင်မယ်လို့တော့ ငါ မယုံဘူး”
ထန်ဟွမ်က စိတ်ထဲကနေ လှောင်ပြောင်ရင်း
ဖီးနစ်နဂါးလှံကို အငြိုးဝိညာဉ်ဆီ ဝှေ့ယမ်းခဲ့တယ်။
“ကလန်”
ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်က
သူ့ဓားကို အလိုအလျောက် ဝှေ့ယမ်းခဲ့ပြီး ဓားဦးက လှံကို ရိုက်ထုတ်ပစ်ချင်တဲ့ ပုံနဲ့ လှံဖျားဆီ
တိုးဝင်သွားတယ်။ သို့ပေမဲ့ ထန်ဟွမ်ရဲ့ အားပြည့်အင်ပြည့် လွှဲရိုက်မှု အောက်မှာ ဖီးနစ်နဂါးလှံက
တခဏသာ တန့်ခနဲ ဖြစ်သွားပြီး ဆက်လက် တိုးဝင်ခဲ့တယ်။ တစ်ဆက်တည်း သတ္တုချင်း ထိရိုက်သံ
ထွက်ပေါ်လာပြီး ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်လည်း ရိုက်ထုတ်ခံလိုက်ရတယ်။
“ဘုန်း”
အငြိုးဝိညာဉ်ရဲ့ ချပ်ဝတ်တန်ဆာ
ခန္ဓာကိုယ်က လိုဏ်ဂူနံရံကို ပြင်းထန်စွာ ရိုက်မိပြီး ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်ခဲ့တယ်။
ထန်ဟွမ်က လက်ခနဲ လှုပ်ရှားကာ
ရှေ့ကို လျင်မြန်စွာ တိုးဝင်ခဲ့သလို ဖီးနစ်နဂါးလှံကလည်း လေထုကို ထိုးခွဲကာ စူးရှတဲ့အသံနဲ့အတူ
အငြိုးဝိညာဉ်ရဲ့ ဝမ်းဗိုက်ဆီ နောက်တစ်ကြိမ် ထပ်မံ ထိုးဖောက်ခဲ့တယ်။
“ရပ်၊ ရပ်”
သို့သော် ဒီအချိန်မှာ အော်ဖို့လောက်သာ
သိတဲ့ ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်က လူသား ဘာသာစကားနဲ့ ရုတ်တရက် အော်ဟစ် ပြောဆိုခဲ့တယ်။
သူ့အသံက စူးရှပေမဲ့ ထန်ဟွမ်
ရှင်းရှင်းလင်းလင်း ကြားရတယ်။ ဒီရုတ်တရက် ဖြစ်ရပ် အလှည့်အပြောင်းက ထန်ဟွမ့်လက်ထဲက ဖီးနစ်နဂါးလှံကို
နှေးကွေးသွားစေခဲ့တယ်။ သို့ပေမဲ့ လှံသွားကနေ ထွက်ပေါ်နေတဲ့ မီးလျှံလုံးက တောက်လောင်နေဆဲဖြစ်ပြီး
ငြိမ်းသေသွားမဲ့ အရိပ်လက္ခဏာ မပြခဲ့ဘူး။
“အလျင်စလို မလုပ်လိုက်ပါနဲ့
ညီငယ်လေး၊ ဒီအဘိုးကြီးမှာ ပြောစရာ ရှိတယ်”
အငြိုးဝိညာဉ်ရဲ့ သတ္တုခမောက်ထဲမှာရှိတဲ့
သွေးနီရောင် အလုံးနှစ်လုံးက တသိမ့်သိမ့် လှုပ်ရှားသွားပြီး စူးရှ မှုန်မှိုင်းတဲ့ အသံက
ထပ်မံ ထွက်ပေါ်လာတယ် -
“ဒီအဘိုးကြီးက ဘယ်သူဆိုတာ
မင်း သိချင်လား”
“အို့၊ ခင်ဗျားက ဘယ်သူလဲ”
ထန်ဟွမ်က မျက်ခုံးပင့်လိုက်မိပေမဲ့
စိတ်ထဲမှာ အတော်လေး သိချင်နေခဲ့တယ်။
ဓားလက်မှုပညာ တောင်ကြားမှာရှိတဲ့
အငြိုးဝိညာဉ်တွေ အားလုံးဟာ တစ်ချိန်တုန်းက နတ်ဆိုး မျိုးနွယ်စုရဲ့ သတ်ဖြတ်ခြင်းကို
ခံခဲ့ရတဲ့ လူသား သိုင်းသမားတွေရဲ့ ဝိညာဉ်တွေကနေ ဖွဲ့စည်း ဖြစ်ပေါ်ခဲ့တာပါ။ သူ့ရှေ့မှာရှိတဲ့
ချပ်ဝတ်တန်ဆာ အငြိုးဝိညာဉ်ကလည်း သေချာပေါက် ခြွင်းချက် မဟုတ်ပါဘူး။
“နတ်ဆိုးမျိုးနွယ်စုမှာ ဒီအဘိုးကြီးရဲ့
ဘွဲ့အမည်ကို ဓားဝိညာဉ်ဘုရင်လို့ ခေါ်ကြတယ်”
“…”
Comments
Post a Comment